Premium Solutions
SK Herbal
Premium Solutions
SK Herbal Premium set
SK Herbal Acne Away Set
90% effective in treating both recent and long-term acne within 7 days
SK Herbal Acne Away Set
ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့ Sensitive Skin ရှိသူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ Set ဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲမှာ သုံးစွဲသူ Customer အယောက် ၁၀၀၀ ကို ၈၀% ကတော့ သူတို့အသုံးပြုနေတဲ့ ၁၀ ရက်အတွင်း ၀က်ခြံတွေ လျော့ပါးသက်သာသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Sensitive Skin အမျိုးအစားအတွက် မှန်ကန်တဲ့ Product ကို ရွေးချယ်မယ်ဆိုရင်တော့ SK Herbal Acne Away Set လေးကို ရွေးချယ်သင့်တယ်ဆိုတာ ပြောပါရစေ။
အဓိက ရရှိနိုင်တဲ့အကျိုးကျေးဇူး
• ၀က်ခြံကို ၇ ရက်အတွင်း ပျောက်ကင်းသက်သာစေခြင်း၊
• ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ပျက်စီးနေတဲ့ တစ်သျှူးတွေကို ဖယ်ရှားပေးနိုင်ခြင်း
• ချောမွေ့နူးညံ့လာစေခြင်း၊ အသားဖြူဝင်းလာစေခြင်း
• အသက်အရွယ်ကြောင့်ဖြစ်တဲ့ ပါးရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသားအရေကို တင်းရင်းနေစေခြင်း၊ ငယ်ရွယ်နုပျိုစေခြင်း၊ စိတ်ရော ကိုယ်ပါ လန်းဆန်းစေခြင်း

Sk herbal Whitening Solution Premium Set
Over 80% confirmed that their skin improved significantly after only 10 days of using this product
Sk herbal Whitening Solution Premium Set လေးနဲ့ မိတ်ဆက်ပေးပါဦးမယ်။
သင့်ရဲ့ အသားအရေအမျိုးအစားနဲ့ လိုက်ဖက်မယ့် အသားအရေကိုလည်း အမှန်တကယ် ဖြူစင်ဝင်းပစေမယ့် Skin Care Product တစ်ခုကို ရှာနေတယ်ဆိုရင်တော့ SK Herbal Whitening Sloution Premium Set လေးကို ညွှန်းပါရစေ။
ပုံမှန်အသားအရေနဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ပိုမိုလင်းလက်တောက်ပစေမယ့်၊ ချောမွေ့နူးညံ့စေမယ့်၊ ကျန်းမာစေတဲ့ အသားအရေလေးတွေ ပိုင်ဆိုင်ခွင့်ရဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အာရှနိုင်ငံက Customer အယောက် ၁၀၀၀ ကို စမ်းသပ်သုံးစွဲစေတဲ့အခါမှာ ၈၀% က သူတို့ရဲ့အသားအရေတွေဟာ ဆယ်ရက်အတွင်း သိသိသာသာ တိုးတက်ကောင်းမွန်လာတာတွေ့ရတယ်လို့ အတည်ပြုထားပါတယ်။
အဓိကရရှိစေတဲ့အကျိုးကျေးဇူးများ
• လင်းလက်တောက်ပစေခြင်း၊ ဖြူစင်ဝင်းပလာစေခြင်း၊ ချောမွေ့နူးညံ့လာစေခြင်း
• ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ခြင်း
• အသက်အရွယ်အိုမင်းရင့်ရော်ခြင်း၊ ဇရာရဲ့အရေးအကြောင်းတွေဖြစ်ပေါ်မှုကို နှေးကွေးစေခြင်း
• မျက်နှာပေါ်က အညစ်အကြေးတွေနဲ့ အမည်းစက်တွေကို သန့်စင်ကုသပေးနိုင်ခြင်း
• ပျက်စီးနေတဲ့အသားအရေတွေကို ပြန်လည်ပြုပြင်ပေးနိုင်ခြင်း
• ချွေးပေါက်ကျဉ်းစေပြီး ၀က်ခြံအမာရွတ်များကို သက်သာလျော့ပါးစေခြင်း
• ပိုမိုလှပပြီး ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်ရရှိစေနိုင်ခြင်း

Easy Spa At Home Perfect Solution
SPA လုပ်တယ်ဆိုတာ သင့်ခန္ဓာကိုယ်အသားအရေရဲ့ကောင်းခြင်းငါးဖြာအတွက်ရော စိတ်ရော ကိုယ်ပါ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေကို ဖန်တီးပေးနိုင်ပါတယ်။ သင့်စိတ်ဖိစီးမှုတွေကနေ ကင်းဝေးပြီး စိတ်နှလုံးသာယာချမ်းမြေ့မှုတွေကို အကောင်းဆုံး SPA လုပ်ပေးခြင်းကနေ ရရှိနိုင်ပါတယ်။
အရင်တုန်းကတော့ SPA လုပ်တယ်ဆိုတာ ချမ်းသာတဲ့လူတွေ ဇိမ်ခံတဲ့အရာလို့ပဲ လူသိများကြပါတယ်။ ဒါ့အပြင် လူအများစုက Beauty Salon တွေ၊ SPA တွေမှာ အချိန်ကုန် ငွေကုန်ခံပြီး သွားမလုပ်နိုင်ကြတာကြောင့်လည်း SPA လုပ်ခြင်းနဲ့ သိပ်ပြီး မထိတွေ့မိကြပါဘူး။
ဒါပေမဲ့ ဘာမှစိတ်ပူစရာမလိုတော့ပါဘူး။ SK Herbal Easy SPA နဲ့ဆိုရင် နေ့တိုင်း အိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ SPA လုပ်လို့ရပြီပေါ့။ နောက်ပြီး တစ်ရက်ကို ၁၅ မိနစ်လောက်ပဲ အချိန်ပေးပြီး လုပ်ရုံနဲ့ ၇ ရက်အတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို ရရှိစေမှာ အသေအချာပဲဖြစ်ပါတယ်။

•မည်သည့်အသားအရေအမျိုးအစားနဲ့ မဆိုသင့်လျော်ခြင်း
• လှပသောမျက်နှာ၊အသားရေ နှင့် ဆံပင်တို့ ကိုရရှိစေခြင်း
• တောက်ပခြင်း၊ပိုမိုဖြူဝင်းလာစေခြင်းနှင့်ချောမွတ်စေခြင်း
• ဆဲလ်သေတွေကိုဖယ်ရှားပေးခြင်း
• အိုမင်းရင့်ရော်မှုကိုနှေးကွေးစေခြင်း
• အမဲစက်များကိုသက်သာပျောက်ကင်းစေပြီးအပြစ်အနာဆာကင်းစေခြင်း
• အမျိုးသားရောအမျိုးသမီးပါ သုံးစွဲနိုင်ခြင်း

Sensitive Skin Treatment SerumSensitive Skin Treatment Serum
• ၇ ရက်အတွင်း ၀က်ခြံတွေကို ၉၀% လောက်အထိ လျှော့ချပေးနိုင်ခြင်း • ၀က်ခြံတွေကို သန့်စင်စေပြီး ၀က်ခြံကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို လျော့ပါးသက်သာစေခြင်း • အလှကုန်ပစ္စည်းတွေကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ကာကွယ်ပေးနိုင်ခြင်း • လင်းလက်တောက်ပစေခြင်း၊ ပေါ့ပါးနူးညံ့စေခြင်း၊ ဖြူစင်ဝင်းပစေခြင်း၊ နူးညံ့ချောမွတ်စေခြင်း • ချွေးပေါက်ကျဉ်းစေပြီး ၀က်ခြံအမာရွတ်များကို သက်သာလျော့ပါးစေခြင်း • SPF 30 ပါဝင်တာကြောင့် အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း • ၀က်ခြံပေါက်လေ့ရှိတဲ့ Sensitive အသားအရေပိုင်ရှင်များ အသုံးပြုရန် သင့်တော်ခြင်း • နုပျိုလန်းဆန်းတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေခြင်း အကျိုးကျေးဇူးများ Sensitive Skin အတွက် အထူးဖော်မြူလာထုတ်လုပ်ထားတာကြောင့် အမည်းစက်တွေ၊ အသားအရေညိုမွဲခြောက်သွေ့မှုတွေကိုကာကွယ်ပေးနိုင်ပြီး သဘာဝအတိုင်း ဖြူစင်ဝင်းပချောမွတ်နူးညံ့တဲ့အသားအရေကို သင်ရရှိပိုင်ဆိုင်စေပါလိမ့်မယ်။ SPF 50 ပါဝင်လို့ နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး အသားအရေပျက်စီးခြင်းကို ကာကွယ်ပြုပြင်ပေးနိုင်သလို အသားအရေကို တင်းရင်းစိုပြည်စေသလို ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ သင့်ရဲ့မျက်နှာအတွက် သီးသန့်ထုတ်ထားတဲ့ ဗီတာမင်တစ်ခုလိုပါပဲ! ဘယ်လိုသုံးကြမလဲ လင်းလက်တောက်ပတဲ့အသားအရေအတွက် မျက်နှာပေါ်မှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် လိမ်းပေးပ 5-in-1 Coconut Makeup Remover
5-In-1 Coconut Magic Makeup Remover ရဲ့ အကျိုးကျေးဇူးတွေက
• မိတ်ကပ်အကြွင်းအကျန်တွေနဲ့ အသားအရေပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ခြင်း • အသားအရေကို လင်းလက်တောက်ပအောင် ကြေးချွတ်ပေးနိုင်ခြင်း • နူးညံ့ချောမွတ်ပြီး ကျန်းမာတဲ့အသားအရေကို ရရှိစေခြင်း • ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ခြင်း • အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်တဲ့ အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ပေးနိုင်ခြင်း • အသားအရေကို ငယ်ရွယ်နုပျိုစေခြင်း အရည်အသွေးမြင့်သဘာဝကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Cleansing Formula ကြောင့် အသားအရေညိုမွဲပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သလို မိတ်ကပ်အကြွင်းအကျန်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပြီး ပိုးသားလေးလို နူးညံ့ချောမွတ်ခြင်းကို ရရှိစေပြီး အဆီပြန်ခြင်း ကင်းဝေးစေပါလိမ့်မယ်။ အသုံးပြုပုံ မျက်နှာပေါ်မှာ လိမ်းပြီး နှစ်မိနစ်လောက် နှိပ်နယ်ပေးပါ။ ဂွမ်းလုံးလေးနဲ့ သန့်စင်ပြီး ရေအေးနဲ့ သေချာစင်ကြယ်အောင် ဆေးကြောသန့်စင်လိုက်ပါ။ |
Gluta C Skin Whitening RepairGluta C Skin Whitening Repair ရဲ့ အကျိုးကျေးဇူးတွေက
• အသားအရေကို လင်းလက်စေခြင်း၊ တောက်ပစေခြင်း၊ ဖြူစင်ဝင်းပစေခြင်း၊ နူးညံ့ချောမွတ်စေခြင်း • ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ခြင်း • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း • အသားအရောင်ညိုမွဲခြင်းနဲ့ အမည်းစက်များကို ကာကွယ်ကုသပေးနိုင်ခြင်း • ချွေးပေါက်ကျဉ်းစေပြီး ၀က်ခြံအမာရွတ်များကို သက်သာပျောက်ကင်းစေခြင်း • အသားအရေကို အသစ်ပြန်ဖြစ်စေပြီး ငယ်ရွယ်နုပျိုတဲ့အသားအရေကို ပေးစွမ်းနိုင်ခြင်း Gluta C ဟာ အမည်းစက်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ပိုမိုကြည်လင်လာစေကာ သဘာဝအတိုင်း ဖြူစင်လှပနေစေပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ဖြည့်တင်းပေးနိုင်ပြီး သဘာဝအတိုင်း အစိုဓာတ်ကို တစ်နေ့တာလုံး ထိန်းသိမ်းပေးနိုင်ပါတယ်။ ၀က်ခြံတွေကို ကာကွယ်ပေးနိုင်ပြီး ပိုမိုတောက်ပစေနိုင်သလို သင့်ရဲ့သဘာဝအလှကိုလည်း ပေါ်လွင်လာစေနိုင်ပါတယ်။ အသားအရေအာဟာရဖြည့်ပေးနိုင်သလို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တာမို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာမ၀င်ခင် လိမ်းပေးရင် ပိုမိုကျန်းမာပြီး လင်းလက်တောက်ပတဲ့အသားအရေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ အသုံးပြုမယ်ဆိုရင် လင်းလက်တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်စေဖို့အတွက် မနက်တစ်ကြိမ်၊ ညနေခင်း တစ်ကြိမ် လိမ်းပေးပါ။ Anti-Acne Whitening SoapAnti-Acne Whitening Soap ရဲ့အကျိုးကျေးဇူးလေးတွေက
• အသုံးပြုပြီး ၇ ရက်အတွင်း ၀က်ခြံများကို ၉၀% လျှော့ချပေးနိုင်ခြင်း • ၀က်ခြံများကို သန့်စင်စေပြီး ၀က်ခြံကြောင့်ဖြစ်တဲ့အသားအရေပြဿနာများကိုလည်း ကင်းဝေးစေခြင်း • ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ခြင်းနဲ့ အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ခြင်း • နူးညံ့ချောမွတ်စေပြီး အသားအရေဖြူဝင်းတောက်ပမှုကို ချက်ချင်းရရှိစေခြင်း • အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသားအရေကို တင်းရင်းကာ လန်းဆန်းလတ်ဆတ်စေနိုင်ပါတယ်။ တစ်မျိုးတည်းသုံးရုံနဲ့တင် အသားအရေကို သန့်စင်စေပြီး ၀က်ခြံကင်းဝေးစေကာ နူးညံ့ချောမွတ်ခြင်းကို ချက်ချင်းလိုလို ရရှိစေမှာ သေချာပါတယ်။ အသားအရေကို ပိုမိုဖြူစင်ဝင်းပလာစေပြီး အသုံးပြုပုံ မျက်နှာကို တစ်နေ့ နှစ်ကြိမ် (မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ်) သန့်စင်ပေးနိုင်ပါတယ်။ |
sk herbal Facial Mask acial Mask
Whitening Repair Facial Mask
Whitening Repair Mask ရဲ့ အကျိုးကျေးဇူးတွေက
• အသားအရေဖြူစင်ဝင်းပခြင်းနဲ့ နူးညံ့ချောမွတ်ခြင်းတွေကို ၇ ရက်အတွင်း သိသိသာသာ ရရှိလာစေခြင်း • မျက်နှာပေါ်က အဆိပ်အတောက်များနဲ့ မိတ်ကပ်အကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ခြင်း • ချွေးပေါက်ကျယ်ခြင်းနဲ့ ၀က်ခြံအမာရွတ်တွေကို သက်သာလျော့ပါးစေခြင်း • အသားအရေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို အပြည့်အ၀စုပ်ယူပေးနိုင်ပြီး မိတ်ကပ်ဖောင်ဒေးရှင်းကိုလည်း အချိန်ကြာမြင့်စွာ စွဲမြဲစေခြင်း • ဆဲလ်အသစ်ပြန်လည်မွေးဖွားခြင်းကို အလျင်မြန်ဆုံး တိုးမြှင့်ပေးနိုင်ခြင်း သဘာဝသစ်သီးသစ်ဥတွေမှာရှိတဲ့ အာဟာရဓာတ်တွေကို အားပြည့်အင်ပြည့် စုပ်ယူနိုင်တဲ့ အဆီအနှစ်တွေကို ပေါင်းစပ်ပြီး နည်းပညာသစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ ဒီ Mask လေးက ဆဲလ်အသစ်ပြန်လည်မွေးဖွားခြင်းကို သဘာဝအတိုင်းရရှိစေနိုင်ပြီး အာဟာရဓာတ်တွေကို မြန်မြန်ဆန်ဆန်ပဲ စုပ်ယူပေးနိုင်ပါတယ်။ အစိုဓာတ်ကို တိုးမြင့်စေနိုင်ပြီး အမည်းစက်တွေကို လျှော့ချပေးနိုင်ပါတယ်။ အသားအရေချောမွတ်လင်းလက်တောက်ပမှုအားကိုလည်း ကောင်းစေပြီး အသားအရောင်ကိုလည်း ညီညာလှပစေနိုင်ပါတယ်။ အသုံးပြုပုံ သေချာညီညာစွာ လိမ်းပြီး 15 မိနစ်၊ မိနစ် 20 လောက်နေရင် ရေအေးနဲ့ သေချာဆေးကြောသန့်စင်လိုက်ပါ။ ပိုမိုလင်းလက်၊ ပိုမိုချောမွတ်တဲ့အသားအရေကို တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ် လုပ်ပေးရုံနဲ့ ရရှိစေမှာဖြစ်ပါတယ်။ |
Collagen Mask
|
Vitamin C
|
Baby Face Facial Mask sheet
|
Gluta Facial Mask Sheet
|
All in One Hair Mask
For man and woman
အမျိုးသားတိုင်းအတွက် All in One Hair Mask
အဓိကအကျိုးကျေးဇူးတွေက
• ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
• ဆံပင်ကြီးထွားဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးနိုင်ခြင်း
• ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးခြင်း
• ဆံသားကျိုးပျက်ခြင်းကို ဆန့်ကျင်ခြင်း
• ပိုမိုထူထဲကျန်းမာသော ဆံသားများကို ရရှိပိုင်ဆိုင်စေနိုင်ခြင်း
သကြားဆီ၊ ထောပတ်သီး၊ အုန်းဆီ၊ ရှောက်သံပရာတို့ရဲ့အဆီအနှစ်တွေကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွဝယ်ဝစွာ ပါဝင်နေတဲ့ Hair Mask လေးဖြစ်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးနိုင်သလို ဆံသားဖွံ့ဖြိုးကြီးထွားမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဦးရေပြာအစိုဓာတ်ကို ပြည့်ဝစေပြီး ဆံသားလေးတွေ နူးညံ့တောက်ပမှုကိုလည်း အပြည့်အ၀ခံစားရမှာကတော့ သေချာပါတယ်။ ပျက်စီးသွားတဲ့ ဆံသားတွေ၊ ကျိုးသွားတဲ့ဆံသားတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အကောင်းဆုံး ဆံပင်ပေါင်းတင်မှုနဲ့ အစိုဓာတ်ဖြည့်တင်းနိုင်မှုတွေကြောင့် သင့်ဆံပင်လေးက ဘယ်အချိန်ကြည့်လိုက်၊ ကြည့်လိုက် ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ ဆံသားများကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Usage
ဆံသားနဲ့ ဦးရေပြားအတွင်းသားထဲထိရောက်အောင် လိမ်းကျံနှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းဆောင်းလေး ခဏဆောင်းထားပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက်နေရင် ရေနဲ့သေသေချာချာလေး ပြန်လည်လျှော်ချပေးလိုက်ပါ။ တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်လောက် ပေါင်းတင်ပေးရုံနဲ့ ပြီးပြည့်စုံလှပပြီး ကျန်းမာတဲ့ဆံသားအလှကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

sk herbal whitening Soap
SK Herbal
All in one body Lotion
Enjoy Our TV Commercial
Sk Herbal Product Reviews from Myanmar Celebrities
|
|
|
|